နိုင်ငံခြားသား နည်းပညာအလုပ်သင် သင်တန်းသားများ၏အသံ

ジャンジャン

Jean Jean

နိုင်ငံသား-ဖိလစ်ပိုင်

 ကျွန်တော်ဟာဂျပန်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ နည်းပညာဆိုင်ရာအလုပ်သင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာက များပြားတဲ့ ဆောက်လုပ်ရေးကျွမ်းကျင်မှုတွေ ရချင်တဲ့အပြင် ဗဟုသုတတွေတိုးလာပြီး အဲဒီကျွမ်းကျင်မှုတွေနဲ့ ဗဟုသုတတွေကို အ မိနိုင်ငံဖွံ့ဖြိုးရေးမှာ ပံ့ပိုးချင်တယ်။ ဒါ့အပြင် ကျွန်တော်ရခဲ့တဲ့ ကျွမ်းကျင်မှုတွေ ဗဟုသုတတွေကို အမိနိုင်ငံက မိတ်ဆွေအပေါင်းအသင်းတွေကို မျှ‌‌‌‌ဝေချင်တယ်လို့ စဥ်းစားခဲ့တဲ့အတွက်‌ကြောင့်ပါပဲ။
ဂျပန်နိုင်ငံကို မလာခင်က စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် ဂျပန်စာသင်ယူရတာ ခက်ခဲတယ်။ အခုထိ နားမလည်တဲ့အပိုင်းတွေလည်း ရှိတယ်။ သို့သော်လည်း ဂျပန်စာလေ့လာနေစဥ်အတွင်းမှာပဲ နားလည်လာခဲ့တယ်။ ဂျပန်နိုင်ငံရဲ့ နေ့စဥ်လူနေမှုဘဝဟာ အခုဆိုရင် အစစ အဆင်ပြေချောမွေ့လာပါမယ်။
ဂျပန်ဘာသာစကားကို နားလည်လာပြီဆိုရင် နည်းပညာစွမ်းရည်လေ့ကျင့်မှုတွေလည်း သိသာလာပါလိမ့်မယ်။
ကျွန်တော့်ကို နည်းပညာဆိုင်ရာ အလုပ်သင်အဖြစ် လက်ခံပေးသော ကုမ္ပဏီမှလူများသည် ဆောက်လုပ်ရေးစွမ်းရည်နဲ့ ဗဟုသုတတွေကို ဂရုတစိုက်သင်ကြားပေးပြီး ယခုအခါ ဆောက်လုပ်ရေးစွမ်းရည်နဲ့ ဗဟုသုတအများကြီးကို လေ့လာသင်ယူနိုင်နေပါပြီ။
ကျွန်တော်က အမိနိုင်ငံမှာရှိတဲ့ ဂျပန်မှာ နည်းပညာအလုပ်သင်လုပ်ဖို့ စဥ်းစားနေတဲ့လူတွေကို ဂျပန်ကို လာဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမိနိုင်ငံမှာ ဘယ်တော့မှ သင်ယူလို့မရနိုင်တဲ့ အမျိုးမျိုးသော စွမ်းရည်တွေနဲ့ ဗဟုသုတတွေကို ဂျပန်မှာ သင်ယူနိုင်တာကြောင့်ပါပဲ။
ကျွန်တော် ဂျပန်နိုင်ငံမှာ နည်းပညာဆိုင်ရာ အလုပ်သင် ပြီးဆုံးသွားပြီဆိုရင် အမိနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ချင်ပါတယ်။ ပြီးတော့ ဘဝမှာ အောင်မြင်ပြီး ကျွန်တော့်မိသားစုရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားချင်ပါတယ်။

Junies Pasilaban Sered

နိုင်ငံသား-ဖိလစ်ပိုင်

 ကျွန်တော် အခု ဂျပန်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ နည်းပညာဆိုင်ရာအလုပ်သင် လုပ်နေတာက ဆောက်လုပ်ရေးကျွမ်းကျင်မှုတွေနဲ့ ဗဟုသုတတွေ တတ်မြောက်ပြီး ကျွန်တော့်နိုင်ငံကို ပြန်ပြီးနောက် ဖိလစ်ပိုင်လူမျိုးတွေကို ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ဗဟုသုတတွေကို ပြောပြပြီးတော့ အလုပ်မှာ အောင်မြင်ချင်တဲ့အပြင် တချိန်မှာ ဘီလျံနာတစ်‌ယောက် ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
O-Technique ကို နည်းပညာဆိုင်ရာအလုပ်သင် လုပ်ဖို့ ရွေးချယ်ခဲ့တာက လစာကောင်းပြီး ငွေစုနိုင်တယ်၊ ငြမ်းအလုပ်ကျွမ်းကျင်မှုတွေ တတ်မြောက်ဖို့ အကောင်းဆုံး ကုမ္ပဏီ လို့ ထင်တဲ့အတွက်ကြောင့် ဖြစ်တယ်။
အစပိုင်းမှာတော့ ဂျပန်စာသင်ရတာ အခက်အခဲဖြစ်ခဲ့တယ်။ အခုကတော့ နားမလည်သေးတဲ့ စကားလုံးတွေ ရှိသော်လည်း တော်တော်အဆင်ပြေနေပါပြီ။ ဂျပန်နိုင်ငံရဲ့ နေ့စဥ်လူနေမှုဘဝဟာအခုဆိုရင် အစစ အဆင်ပြေချောမွေ့လာပါတယ်။
လက်ခံဝင်ခွင့်ပေးတဲ့ ကုမ္ပဏီက လူတွေဟာ ဂရုတစိုက်သင်ကြားပေးတဲ့အတွက် ဆောက်လုပ်ရေးစွမ်းရည်နဲ့ ဗဟုသုတတွေ တတ်‌မြောက်နေပါပြီ။
အကယ်၍ သင်က ဂျပန်နိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ နည်းပညာဆိုင်ရာလေ့ကျင့်မှုတွေကို စဥ်းစားနေတယ်ဆိုရင် သင့်ရဲ့ ဗဟုသုတတွေနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်ဖို့ ကြိုးစားစေချင်ပါတယ်။

レイラン

Leylan

နိုင်ငံသား-ဖိလစ်ပိုင်

 ကျွန်တော်က ဆောက်လုပ်ရေးကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေ (ဥပမာ-လုံခြုံစိတ်ချရဆုံးငြမ်းကို တည်ဆောက်တဲ့နည်းလမ်း) ကို တတ်မြောက်ပြီး လေ့လာသင်ယူခဲ့တဲ့အရာကို အမိနိုင်ငံ ဖိလစ်ပိုင်ကလူတွေကို သင်ပေးချင်တယ်လို့ စဥ်းစားခဲ့တဲ့အတွက် ဂျပန်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်း နည်းပညာအလုပ်သင်လုပ်နေတာပါ။
ဂျပန်နိုင်ငံမှာ နည်းပညာအလုပ်သင်လုပ်ဖို့အတွက် အရင်ဆုံး ဂျပန်ဘာသာစကားကို နားလည်ဖို့လိုပါတယ်။ ခက်ခဲပေမယ့် အလုပ်အကြောင်းအရာတွေကို နားလည်တယ်ဆိုရင် နားလည်ရလွယ်ပါတယ်။ နောက်ထပ် နားမလည်သေးတဲ့ စကားလုံးတွေ ရှိပေမယ့် အကြမ်းအားဖြင့်ကတော့ ဂျပန်စကားကို‌ပြောနိုင်တဲ့အတွက် ဂျပန်ရဲ့လူနေမှုဘဝနဲ့လည်း ကျင့်သားရနေပါပြီ။ အနာဂတ်မှာ ဂျပန်နိုင်ငံမှာ နေဖို့ကိုလည်း စဥ်းစားနေပါတယ်။
လက်ခံဝင်ခွင့်ပေးတဲ့ ကုမ္ပဏီကလူတွေက ဂရုတစိုက်သင်ကြားပေးတဲ့အတွက် ဆောက်လုပ်ရေးစွမ်းရည်တွေ တတ်‌မြောက်နေပါပြီ။
အမိနိုင်ငံက လူငယ်တွေကို ဂျပန်နိုင်ငံကိုလာပြီး အမျိုးမျိုးသော နည်းပညာစွမ်းရည်တွေကို တတ်မြောက်ဖို့ challenge လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံမှာ နည်းပညာအလုပ်သင် ပြီးဆုံးရင် ဖိလစ်ပိုင်ကို ပြန်ပြီး လူငယ်တွေကို တူညီတဲ့ကျွမ်းကျင်မှုတွေကို သင်ကြားပေးပြီး အမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပံ့ပိုးစေချင်ပါတယ်။

スムーススクロール