
● | Tokai ဒေသရှိနိုင်ငံခြားနည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများကိုလက်ခံလိုသောဆောက်လုပ်ရေးကုမ္ပဏီများရှိပါကကျေးဇူးပြု၍ ကျွန်ုပ်တို့နှင့်ဆက်သွယ်ပေးပါ။ | |
● | နိုင်ငံခြားသားများအတွက်နည်းပညာဆိုင်ရာလေ့ကျင့်မှုစနစ်၏အကျဥ်းချုပ်၊ အသင်းအဖွဲ့၏အကျဥ်းချုပ်၊ လက်ခံသည့်ကုမ္ပဏီမှလိုအပ်သောအခြေအနေများနှင့်လိုအပ်သောလုပ်ထုံးလုပ်နည်းများကိုကျွန်ုပ်တို့ဘက်မှရှင်းပြပါမည်။ | |
● | တိတိကျကျသိရှိလိုပါကကျွန်ုပ်တို့ဘက်မှအသေးစိတ်ဖြေကြားပေးမည်။ | |
● | အကယ်၍ သင်သည်နိုင်ငံခြားနည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများကိုလိုအပ်ပါကကျွန်ုပ်တို့ အသင်းအဖွဲ့သို့ဝင်ရန်သင်လျှောက်ထားနိုင်ပါသည်။ |
● | လျှောက်ထားပြီးသည်နှင့်တပြိုင်နက်ပြည်တွင်းအေဂျင်စီမှအလုပ်ကမ်းလှမ်းချက်တစ်ခုကိုပြုလုပ်ပေးပါမည်။ပြီးနောက်၀ င်ရောက်ယှဉ်ပြိုင်မည့်သူများကိုစာရွက်စာတမ်းများအရလူတွေ့မေးမြန်းခြင်းဖြင့်ရွေးချယ်ရမည်။ |
● | သင်လျှောက်ထားသောကုမ္ပဏီ၏တာဝန်ခံနှင့်ကျွန်ုပ်တို့၏အသင်းအဖွဲ့တာဝန်ခံသည်အင်တာဗျူးမည့်နေရာ သို့သွားမည်၊ နည်းပညာဆိုင်ရာအလုပ်သင်နှင့်တိုက်ရိုက်တွေ့ဆုံပြီးလူတော်များကိုရွေးချယ်မည်။ | |
● | မြန်မာ ၀ န်ထမ်းများ၏ပြည်တွင်းအင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သတ်ပြီးပြည်ထောင်စုနှင့်ဒေသဆိုင်ရာပေးပို့သည့်အဖွဲ့အစည်းမှအပြည့်အဝထောက်ခံလိမ့်မည်။ | |
● | အကယ်၍သင်သည်လူ့စွမ်းအားအရင်းမြစ်ကိုရဖို့မျှော်လင့်ပါကသင်တန်းသားများနှင့်စာချုပ်ချုပ်ဆိုရမည်။ | |
● | ကုမ္ပဏီများရဲ့လိုအပ်ချက်များအတွက်အင်တာဗျူးကိုစိတ်ကြိုက်ပြင်ဆင်ပေးမည်။ |
● | Training plan၊နေထိုင်ခွင့်နှင့်ဗီဇာစသည်တို့ကိုအသုံးပြုခြင်း။ | |
● | နည်းပညာဆိုင်တာကျွမ်းကျင်လုပ်သားများသည်အင်တာဗျူးအောင်ပြီးပါကသွားရောက်ရန်6လနှင့်အထက်စောင့်ဆိုင်းရမည်။ | |
● | ကုမ္ပဏီများသည်နိုင်ငံခြားသားများအတွက်လေ့ကျင့်ရေးနှင့်အခြားသောပစ္စည်းများအတွက်လျှောက်ထားရမည်။အစီအစဉ်များပြီးစီးပါကနေထိုင်ခွင့်ဗီဇာလျှောက်ထားရမည်။ကျွန်ုပ်တို့အဖွဲ့စည်းအနေဖြင့်လည်းစာရွက်စာတမ်းများတင်သွင်းခြင်းကိုအထောက်အကူပြုပေးပါမည်။ |
● | နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများအားအလုပ်ခန့်မည့်နေရာတွင်သင်တန်းပေးလိမ့်မည်။ | |
● | ကျွန်ုပ်တို့၏အသင်းဖွဲ့နှင့်ကုမ္ပဏီများမှလိုအပ်မှုများလုပ်ဆောင်နေစဉ်တွင်နည်းပညာဆိုင်ရာအလုပ်သမားများသည်ဂျပန်စာနဲ့ယဉ်ကျေးမှုဓလေ့များ၊ဆောက်လုပ်မှုနည်းစနစ်များလေ့လာရန်ဂျပန်ကျောင်းတွင်6လကြာသင်ယူရမည်။ |
● | နည်းပညာပိုင်းဆိုင်ရာအလုပ်သင်သင်တန်းသားဂျပန်နိုင်ငံသို့ ၀ င်ရောက်သောအခါကျွန်ုပ်တို့အဖွဲ့စည်းအနေဖြင့်သင်တို့အားလေဆိပ်၌တွေ့ဆုံပြီးအသင်းအဖွဲ့နှင့်လေ့ကျင့်သည့်ကာလအတွင်းသင်နေထိုင်မည့်အဆောင်သို့ပို့ဆောင်လိမ့်မည်။ |
● | နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများသည်ဂျပန်နိုင်ငံသို့ ၀ င်ရောက်ပြီးနောက်၊ သင်တန်းတွင် လိုအပ်သောဆက်သွယ်ရေးနှင့်လေ့ကျင့်ရေးအကြောင်းအရာများအတွက်အဆောင်ရှိကျောင်း၌တစ်လခန့်ကြာအဖွဲ့လိုက်လေ့လာရမှုများပြုလုပ်ရမည်။ | |
● | ဂျပန်တွင်နေထိုင်ပြီးဘာသာစကားနှင့်လူနေမှုပုံစံအလေ့ကျင့်များကိုသင်ယူရပါမည်။ |
● | လက်ခံသည့်ကုမ္ပဏီသည်သင်၏နေထိုင်မှုနှင့်နေထိုင်မှုတွက်လိုအပ်သောအထောက်ကူပြုနည်းစနစ်များနှင့်လုပ်ငန်းပတ်၀န်းကျင်များကိုပြင်ဆင်ရမည်။ |
● | အလုပ်စတင်သည့်နေ့တွင့်အဖွဲ့အစည်းအနေဖြင့်သင်တန်းသားများကိုလက်ခံသည့်ကုမ္ပဏီသို့ပို့ဆောင်ပေးရမည်။လုပ်ငန်းမစခင်အသေးစိတ်ထပ်မံ၍ရှင်းပြရမည်။ | |
● | တာ၀န်ပြီးဆုံးချိန်တွင်အရည်အချင်းစစ်သင်တန်းများစတင်ရမည်။သင်တန်းပြီးဆုံးချိန်တွင်ကျွန်ုပ်တို့ဘက်မှနည်းပညာလုပ်သားများကိုထောက်ပံ့ပေးမည်။ | |
● | သင်တန်းကာလအတွင်းလက်ခံမည့်ကုမ္ပဏီအနေဖြင့်ကျွန်ုပ်တို့အသင်းဖွဲ့ဆီသို့နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများအားမေးမြန်းရန်လာရောက်ရမည်။ပြဿနာတစုံတရာရှိပါကကျွန်ုပ်တို့ဘက်မှကူညီဖြေရှင်းပေးမည်။ | |
● | နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများ၏ကျွမ်းကျင်မှုစစ်ဆေးခြင်း(လက်တွေ့ကျွမ်းကျင်မှုနှင့်ဘာသာရပ်စာမေးပွဲ)ကိုနည်းပညာဆိုင်ရာအလုပ်သင်သင်တန်းအဆင့်၁ပြီးဆုံးချိန်ပြီးတတိယကျွမ်းကျင်မှုစာမေးပွဲ(လက်တွေ့စမ်းသပ်မှု)ကိုနည်းပညာဆိုင်ရာအလုပ်သင်သင်တန်းအဆင့်၂ပြီးဆုံးချိန်တွင်အောင်မြင်ရမည်။ကုမ္ပဏီများမှအဓိကပံ့ပိုးသွားမည်ဖြစ်ပြီးလက်တွေ့လေ့ကျင့်မှုကာလအတွင်းအလုပ်သင်များသည်ကျွမ်းကျင်မှုစစ်ဆေးခြင်းကိုဖြတ်ကျော်ရမည်ဖြစ်သည်။ |
ကျွမ်းကျင်လုပ်သားအဆင့်(၁)သည်နည်းပညာဆိုင်ရာကျွမ်းကျင်မှုအဆင့်(၂)အဖြစ်(သို့)သတ်မှတ်ထားသောကျွမ်းကျင်မှုကိုအောင်မြင်ပြီးသောနိုင်ငံခြားသားများအဖြစ်ဖြစ်လာမည်။ယျေဘူယျစဉ်းမျဉ်းအရသတ်မှတ်ထားသောလုပ်သားများကိုလက်ခံသောကုမ္ပဏီမှတိုက်ရိုက်ငှားရမ်းမည်။ထောက်အပံ့ပေးသောအဖွဲ့အစည်းတစ်ခုအနေဖြင့်အလုပ်ခန့်ထားမှုနှင့်ထိန်းသိမ်းမှုအတွက်ထောက်ပံ့ပေးမည်။
● | Tokaiဒေသရှိကျွမ်းကျင်လုပ်သားအဆင့်(၁)ကိုစိတ်၀င်စားသောဆောက်လုပ်ရေးကုမ္ပဏီများသည်ကျွန်ုပ်တို့အဖွဲ့နှင့်ဆက်သွယ်နိုင်ပါသည်။နိုင်ငံခြားသားများအတွက်နည်းပညာဆိုင်ရာလေ့ကျင့်မှုစနစ်များ၏အကျဥ်းချုပ်၊ကျွန်ုပ်တို့အဖွဲ့အစည်း၏အကျဉ်းချုပ်နှင့်အိမ်ရှင်ကုမ္ပဏီမှကျွန်ုပ်တို့အဖွဲ့ရဲ့လိုအပ်သောအခြေအနေများနှင့်လုပ်ထုံးလုပ်နည်းများက်ုရှင်းပြပါမည်။ | |
● | တိတိကျကျသိရှိလိုပါကကျွန်ုပ်တို့ဘက်မှအသေးစိတ်ဖြေကြားပေးပါမည်။ | |
● | ကျွမ်းကျင်အလုပ်သမားများကိုလိုအပ်ပါကကျွန်ုပ်တို့အဖွဲ့နှင့်ဆက်သွယ်နိုင်ပါတယ် |
● | သတ်မှတ်ထားသောကျွမ်းကျင်လုပ်သားများအတွက်အလုပ်ခန့်အပ်ခြင်းဖြစ်ပါသည်။သတ်မှတ်ထားသောကျွမ်းကျင်လုပ်သားအဖြစ်လျှောက်ထားသူများဖြစ်သောနိုင်ငံခြားသားများသည်ဂျပန်နိုင်ငံ(သို့)နိုင်ငံခြားတွင်နေထိုင်ရပါမည်။ |
● | သတ်မှတ်ထားသောကျွမ်းကျင်မှုစာမေးပွဲအောင်မြင်ပြီးသောသူများသည်အလုပ်နေရာအတွက်လျှောက်ထားခြင်း(သို့)ပုဂ္ဂလိဂအလုပ်အကိုင်အေဂျင်စီတစ်ခုခုမှအလုပ်ရရှိကြသည်။ | |
● | လျှောက်ထားသူအားအင်တာဗျုးမှတဆင့်ရွေးချယ်မည်။အကယ်၍လျှောက်ထားသူသည်နိုင်ငံခြားတွင်နေထိုင်ပါကသူ/သူမသည်အသင်းတာ၀န်ခံနှင့်ထိုsiteသို့လိုက်သွားရမည်။ | |
● | ရွေးချယ်ပြီးနောက်ကျွန်ုပ်တို့အသင်းအဖွဲ့၏အကူအညီဖြင့်အိမ်ရှင်ကုမ္ပဏီနှင်ကျွမ်းကျင်လုပ်သားကြားအလုပ်သဘောတူစာချုပ်ကိုချုပ်ဆိုမည်။ | |
● | စာချုပ်ချုပ်ဆိုထားသောကျွမ်းကျင်လုပ်သားများသည်ကျွန်ုပ်တို့အသင်းအဖွဲ့၏လမ်းညွှန်မှုဖြင့်ဆေးစစ်ချက်များကိုခံယူရမည်။ |
● | ကျွန်ုပ်တို့အသင်းအဖွဲ့သည်လူ၀င်မှုကြီးကြပ်ရေးမှ(အရည်အချင်းပြည့်မီကြောင်းလက်မှတ်)ကိုလျှောက်ထားပြီးကျွမ်းကျင်လုပ်သားများအားပေးပို့ပါမည်။ | |
● | ကျွန်ုပ်တို့အသင်းအဖွဲ့၏ပံ့ပိုးမှုဖြင့်ကျွမ်းကျင်လုပ်သားများသည်နေထိုင်ခွင့်လက်မှတ်နှင့်ဗီဇာလျှောက်ထားရမည်။ |
● | အလုပ်စတင်ရန်အိမ်ရှင်ကုမ္ပဏီသည်နေထိုင်မှုဘ၀အတွက်အထောက်အကူပြုစနစ်နှင့်လုပ်ငန်းခွင်ပတ်၀န်းကျင်ကိုပြင်ဆင်ပေးမည်။ကျွန်ုပ်တို့အဖွဲ့အစည်းမှလည်းထိုပြင်ဆင်မှုအတွက်ကူညီပေးမည်။ | |
● | ကျွမ်းကျင်လုပ်သားများသည်အိမ်ရှင်ကုမ္ပဏီမှပေးအပ်ထားသောအဆောင်သို့ပြောင်းရွှေ့ရမည်။အကယ်၍သင်သည်နိုင်ငံခြားတွင်နေထိုင်ပါကဂျပန်သို့သွားရမည်။အိမ်ရှင်ကုမ္ပဏီမှကိုယ်စားလှယ်သည်သင့်နှင့်လေဆိပ်၌တွေ့ဆုံပြီးအဆောင်သို့ပို့ပေး ပါမည်။ |
● | ကျွမ်းကျင်လုပ်သားများသည်ကျွန်ုက်တို့အသင်းအဖွဲ့၏အကူအညီဖြင့်ဒေသန္တရအစိုးရထံမှနေထိုင်ခွင့်ကဒ်ပြားကိုလျှောက်ထားရမည်။ဆောက်လုပ်ရေးလုပ်ငန်းတိုးတက်မှုအတွက်မှတ်ပုံတင်ရမည်။ | |
● | အိမ်ရှင်ကုမ္ပဏီသည်ကျွန်ုပ်တို့အသင်းအဖွဲ့၏အကူအညီဖြင့်ကျွမ်းကျင်လုပ်သားများကို၈နာရီနှင့်အထက်လမ်းညွှန်မှုများဆောင်ရွက်ပေးပါမည်။ | |
● | အိမ်ရှင်ကုမ္ပဏီ၌အလုပ်၀င်ခြင်း။အလုပ်၀င်ပြီးနောက်ကျွန်ုပ်တို့ကုမ္ပဏီသည်ဥပဒေအရလိုအပ်သောအောက်ပါအထောက်အပံ့များကိုပေးပါမည်။ -ဘ၀လမ်းညွှန်ချက်ပေးခြင်း။ -လုံခြုံစိတ်ချရသောအိမ်ရာ -ဘ၀နေထိုင်မှု -ဘ၀အတွက်ဂျပန်စာလေ့လာရန်အထောက်အပံ့ပေးခြင်း။ -တိုင်ပင်ဆွေးနွှေးမှုများနှင့်တိုင်ကြားချက်များကိုတုန့်ပြန်ပေးခြင်း။ -အမျိုးမျိုးသောအုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းများကိုထောက်ပံ့ပေးခြင်း။ -အလုပ်ပြောင်းချင်ပါကအလုပ်သစ်ရှာဖွေပေးခြင်း။ |