ICP(International Construction Promotion)အဖွဲ့အစည်းဆိုသည်မှာ

သမ္မတ၏သ ၀ ဏ်လွှာ

ယနေ့ခေတ် ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမားရှားပါးမှုကိုခံစားနေရပြီး၊ နိုင်ငံခြားအလုပ်သမားများအတွက် မျှော်လင့်ချက်များလည်းတိုးပွားလာနေပါသည်။နိုင်ငံခြားသားအတော်များများသည်လည်းဂျပန်နိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းခွင်၌ နည်းပညာဆိုင်ရာအလုပ်သင် သင်တန်းသားများအနေဖြင့် တက်ကြွစွာ ပါဝင်နေကြသည်။ ကျွန်တော်ကိုယ်တိုင် စီမံခန့်ခွဲသော O Technic Co. , Ltd. သည်လည်း နိုင်ငံခြားနည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများကို ယခုအချိန်အထိလက်ခံခဲ့ပါသည်။ ဆောက်လုပ်ရေးနှင့် ဂျပန်စာသင်ယူလိုသောနိုင်ငံခြားသားအလုပ်သမားများနှင့်အတူ ဂျပန်နှင့်အာရှရှိ ဆောက်လုပ်ရေးလုပ်ငန်း၏ အနာဂတ်ကို ဖန်တီး နိုင်မည် လို့ ယုံကြည်ထားပါသည်။ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွင်စိတ်ချယုံကြည်ရသော ကုမ္ပဏီတစ်ခုအနေဖြင့်ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများကို သေချာလေ့လာလိုပြီး၊ကောင်းမွန်တဲ့လူနေမှုပတ်၀န်းကျင်ကို ဖန်တီးချင်တဲ့ နိုင်ငံခြားသားများကို လက်ခံရန်အတွက် ICP အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ပါသည်။အဖွဲ့အစည်းသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့်ပတ်သတ်ပြီး အထူးသဖြင့် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံခြင်း၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများကို ပူးတွဲ၀ယ်ယူခြင်း၊မှာယူခြင်းများကိုလုပ်ကိုင်ပါသည်။ ဂျပန်နိုင်ငံတွင်စိတ်အေးချမ်းစွာနေထိုင်နိုင်ရန်၊ ဆောက်လုပ်ရေးလုပ်ငန်းတွင်လုပ်ကိုင်ရန်နှင့်လုပ်ငန်းခွင်၌ ကျွမ်းကျင်မှုများရရှိရန်အတွက် နည်းပညာဆိုင်ရာ အလုပ်သင်များ အတွက်နည်းပညာများကိုထောက်ပံ့ပေးပါသည်။ အကယ်၍ နေထိုင်ရာတွင်(သို့မဟုတ်)လုပ်ငန်းခွင်၌ ပြဿနာတစ်စုံတစ်ရာရှိပါက တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် တာ၀န်ရှိသူများကိုလည်းစီစဉ်ပေးထားပါသည်။ယခုအထိ အဖွဲ့၀င်ကုမ္ပဏီများတွင်လုပ်ကိုင်နေသော နည်းပညာဆိုင်ရာအလုပ်သင် သင်တန်းသားများ၏လစာသည် ပြည်တွင်းရှိ နည်းပညာပိုင်းဆိုင်ရာ အလုပ်သင် သင်တန်းသားများ ရရှိသောလစာ၏ 30%အထက်တွင်ရှိပါသည်။ ထို့အပြင် နည်းပညာပိုင်းဆိုင်ရာအလုပ်သင်အချင်းချင်း ပြဿနာများဖြစ်ပွားခြင်းလည်း မရှိပါ။ဂျပန်နိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာအလုပ်သင် သင်တန်းသားများအနေဖြင့် နည်းပညာကို သင်ယူခဲ့ပြီး သင်တန်းပြီးဆုံးသည့် သူများသည် မိမိတို့နိုင်ငံအသီးသီးသို့ပြန်လာကြပါသည်။ထို့ကြောင့် ဂျပန်တွင်ဆောက်လုပ်ရေးကျွမ်းကျင်မှုကိုရယူလိုပါက ဤအဖွဲ့အစည်းကို ယုံကြည်စိတ်ချစွာလျှောက်ထားနိုင်ပါသည်။ အနာဂတ်တွင် နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားများ မိခင်နိုင်ငံသို့ပြန်လာပြီးနောက် အလုပ်လုပ်နိုင်သောနေရာတစ်ခုပေးလိုပါသည်။ထို့အတွက် မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရန်ကြိုးစားနေသည်။နိုင်ငံခြားသားများကိုလက်ခံလိုသောအဖွဲ့၀င် ကုမ္ပဏီများအနေဖြင့် အလုပ်သင် သင်တန်းသားများ လက်ခံနိင်မည့် လုပ်ငန်းခွင်ပတ်၀န်းကျင်၊လစာနှင့်ပတ်သတ်၍လည်း အဖွဲ့အစည်းမှသေချာသတ်မှတ်ပေးထားပြီး၊
လိုအပ်သည်များကိုလည်း ထောက်ပံ့ပေးပါမည်။ဆောက်လုပ်ရေးလုပ်ငန်း၏အနာဂတ်ကိုဖန်းတီးရန် စိတ်၀င်စားသော ကုမ္ပဏီများမှ စုံစမ်းမေးမြန်းမှုများကို စောင့်မျှော်နေပါသည်။

ကုမ္ပဏီ အကျဥ်းချုပ်2019.09.30 ပစ္စုပ္ပန်

ကုမ္ပဏီအမည် ICP(International Construction Promotion)အဖွဲ့အစည်း
တည်ထောင်သည့်ခုနှစ် 2003ခုနှစ် အောက်တိုဘာလ
ရုံးချုပ်တည်နေရာ 〒450-0003 Aichi Nagoya Nakaku Nshiki 1-7-44 NPG building 5-A
ဖုန်းနံပါတ် 052-355-6400

တည်ထောင်သူ

အဖွဲ့အစည်း ဒါရိုက်တာ Isao Ogawa

လုပ်ငန်းအမျိုးအစား

・ဆောက်လုပ်ရေးလုပ်ငန်းတွင် အထူးသဖြင့် (သံငြမ်း၊ဆေးသုတ်ခြင်း၊waterproof)စသည့် လုပ်ငန်းများကို တိုးချဲ့ရန်စီစဥ်ထားပါသည်။

လှုပ်ရှားမှုများ

・ပူးတွဲ၀ယ်ယူခြင်း(ပစ္စည်းများ)
・ပူးတွဲအမှာစာ
・၀န်ဆောင်မှုစနစ်
・နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်များကိုလက်ခံခြင်း((နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့်သူများ/နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်းသားများ)

အဖွဲ့အစည်း၏ရည်ရွယ်ချက်

・ဆောက်လုပ်ရေးလုပ်ငန်း၏အနာဂတ်ကို ဖန်တီးပေးခြင်း

VISION

・လုပ်ငန်းလုပ်ကိုင်မှုနည်းလမ်းများတိုးတက်အောင်ကြိုးပမ်းလုပ်ဆောင်မည်။

MISSION

・ယဉ်ကျေးမှုမတူသည့်လူ့အဖွဲ့အစည်းများကြား ပေါင်းကူးတံတားဖြစ်စေမည်။

လှုပ်ရှားမှုလမ်းညွှန်ချက်များ

・ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုများ
スムーススクロール